တစ်ချို့စုံတွဲတွေ ချစ်လျှက်နဲ့ လမ်းခွဲလိုက်ကြတာ ဘာလို့လဲ ?

ချစ်သူရည်းစား နှစ်ယောက်အတွက် အချစ်တစ်ခုရှိရုံနဲ့ ပြီးပြည့်စုံပြီဆိုတာ အမြဲ မမှန်နိုင်ပါဘူး။

  • တစ်ချို့စုံတွဲတွေ ချစ်သူတွေဟာ ချစ်လျှက်နဲ့ လမ်းခွဲလိုက်ကြတာတွေ ရှိပါတယ်။
  • အချစ်တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။
  • တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိတော့ရင် ခိုင်မြဲတဲ့ အချစ်တစ်ခုမဖြစ်နိုင်ပါဘူး။
  • နားလည်မှုမပါတဲ့ အချစ်ဟာ ရေမရှိတဲ့ ပန်းလေးလိုပါပဲ မကြာခင် ညှိုးနွမ်းသွားပါလိမ့်မယ်။
  • နားလည်မှုမပါတဲ့ အချစ်ဟာ ကြာရှည်ခံနိုင်မှာမဟုတ်ပါဘူး။ Achitzone.com
  • နားလည်မှုမပါတဲ့ အချစ်ဟာ ရမ္မက်တစ်ခုသာ ဖြစ်နိုင်ပါလိမ့်မယ်။
  • နားလည်မှုဆိုတာကတော့ အချစ်ကိုပိုပြီး ခိုင်မြဲစေတဲ့အရာပါ။
  • တစ်ခြားတစ်ယောက်နေရာမှာ အစားဝင်ခံစားပေးတတ်တာ တခြားသူအပေါ်မှာ သနားစာနာစိတ်ရှိတာ ဒါတွေဟာ နားလည်မှုရှိတဲ့သဘောတွေပါ။
  • ချစ်သူနှစ်ဦးလုံးဟာ ပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်ချင်ကြမှာပါ။ ဒါပေမဲ့ တစ်ချို့လူတွေ မရနိုင်ပါဘူး။
  • အကြောင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုမပေးနိုင်ကြလို့ပါ။
  • တစ်စုံတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။
  • ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပေးနိုင်တဲ့ စုံတွဲဖြစ်ရင်တော့ သင်တို့နှစ်ယောက်ဟာ အပျော်ရွှင်ဆုံးစုံတွဲ ဖြစ်ပါလိမ့်မယ်။ Achitzone.com
  • တကယ်လို့ မင်းဟာ မင်းချစ်သူအပေါ် နားလည်မှုပေးဖို့ မကြိုးစားချင်ဘူးဆိုရင်တော့ နှစ်ယောက်အတူ ဘဝသစ်ထူထောင်ဖို့ လုံးဝစဉ်းစားမနေပါနဲ့တော့။
  • နားလည်မှုတည်ဆောက်ဖို့ဆိုတာ အချိန်ယူရပါတယ်။
  • နားလည်မှုတည်ဆောက်နိုင်ဖို့ နည်းလမ်းတစ်ခုကတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြဖို့ပါ။
  • တစ်ယောက်အကြိုက်ကို တစ်ယောက်သိဖို့ တစ်ယောက်မကြိုက်တာ တစ်ယောက်သိဖို့ လိုပါတယ်။ ဒါမှသာ တစ်ယောက်ကို တစ်ယောက်နားလည်ပေးနိုင်မှာပါ။ Achitzone.com
  • အချိန်တွေ အတူကုန်ဆုံးပါ။

တစ်ယောက်နဲ့တစ်ယောက် အတူရှိပြီး အချိန်တွေ အတူကုန်ဆုံးမှသာ တစ်ယောက်ရဲ့ အကြိုက်ကို တစ်ယောက်သိနိုင်ကြမှာပါ။ ဒါမှသာ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ပိုပြီးပေးနိုင်ကြပါလိမ့်မယ်။

  • နားလည်မှုဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် မျှဝေမှုအပေါ်မှာလဲ မူတည်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့ဆိုရင် နှစ်ယောက်လုံးက မျှဝေခံစားရပါမယ်။ ကိစ္စတိုင်းကို တစ်ယောက်ကို တစ်ယောက်မျှဝေပေးရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် နာူလည်မှုတည်ဆောက်ဖို့ လိုပါတယ်။ Achitzone.com

  • အချစ်ထက် ပိုအရေးကြီးတဲ့အရာက တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပါ။

တစ်ယောက်ကို တစ်ယောက်နားလည်ပေးနိုင်ရင် နှစ်ယောက်လုံးရဲ့ အချစ်တွေ ခိုင်မြဲလာမယ်။ တစ်ယောက်ကိုတစ်ယောက် လေးစားမှု ယုံကြည်မှုတွေ ရှိလာပါတယ်။

  • ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးပြီး အချစ်တွေကို ခိုင်မာအောင် လုပ်လိုက်ပါ။

ဆောင်းပါးရေးသားသူ –
Christine

ယခုဆောင်းပါးကို Achitzone.com မှ တင်ဆက်ပါသည်။