
အခုခေတ်မှာ လူတွေက ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်တွေ ရှာနေကြပါတယ်။ ဒီလို ချစ်သူ ကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရင်တော့ လက်ထပ်လိုက်ပါတော့။ Achitzone.com
၁။ သူမက မင်းကို ယုံကြည်အားကိုးရင် ။
အချစ်ဆိုတဲ့အရာက လူတွေကိုတောင် ရူးသွပ်စေတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကောင်းမွန်တဲ့အရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူရထားရင် ကံကောင်းနေပြီလို့ ထင်ပါလိမ့်မယ်။ Achitzone.com
အချစ်ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက်တတ်ပါတယ်။ ဒါကြောင့် မင်းရဲ့ ဘဝလက်တွဲဖော်ကို အချစ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီး မရွေးလိုက်ပါနဲ့။ သူမက မင်းကို ယုံကြည်အားကိုးပြီး မင်းရဲ့ အရည်အချင်းတွေကို ယုံကြည်ပြီး အမြဲ စိတ်ဓာတ်ခွန်အားပေးတတ်တဲ့ ကောင်မလေးမျိုး ရထားရင်တော့ လက်မလွှတ်ပါနဲ့တော့။Achitzone.com
၂။ သူမက မင်းရဲ့ ဒေါသကို ဖြေလျော့ပေးနိုင်ရင် ။
လူတိုင်း ဒေါသထွက်တတ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ သည်းခံနိုင်စွမ်းတွေ မတူညီကြပါဘူး။ မင်းရဲ့ ချစ်သူက မင်းရဲ့ ဒေါသကို ဘယ်လို ထိန်းချုပ်ပေး ဖြေလျော့ပေးနိုင်လဲဆိုတာလဲ အရေးပါပါတယ်။ မင်းရဲ့ ချစ်သူလေးက စိတ်အနှောင့်အယှက်မပေးဘဲ မင်းဒေါသကို ဖြေလျော့ပေးနိုင်ရင် သူမက မင်းအတွက် သင့်တော်တဲ့သူတစ်ယောက်ပါ။ Achitzone.com
၃။ မင်းအပေါ် ယုံကြည်မှုရှိရင် ။
ယုံကြည်မှုဆိုတဲ့အရာဟာ အလွယ်တကူနဲ့ ပျက်စီးလွယ်ပါတယ်။ ယုံကြည်မှုဆိုတဲ့အရာက လှပတဲ့အရာတစ်ခုဖြစ်ပြီး ချစ်သူနှစ်ဦးကြား အရေးကြီးတဲ့အရာဖြစ်ပါတယ်။ မင်းရဲ့ ချစ်သူရဲ့ ယုံကြည်မှုကို ရရှိထားရင်တော့ မင်းဟာ ကံကောင်းတဲ့သူတစ်ယောက်ပါ။ Achitzone.com
၄။ သူမက မင်းရဲ့ မိသားစုကို လေးစားတန်ဖိုးထားရင် ။
မင်းရဲ့ မိသားစုနဲ့ မင်းရဲ့ ချစ်သူနဲ့ အတူတူ ညစာစားတာမျိုး တွေ့ဆုံပေးတာကောင်းပါတယ်။ မင်းရဲ့ ချစ်သူဟာ မင်းမိသားစုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ပြီး လေးစားတန်ဖိုးထားတယ်ဆိုရင် သူမက မင်းအတွက် သင့်တော်တဲ့သူတစ်ယောက်ပါ။ Achitzone.com
၅။ မင်းရဲ့ ဝါသနာတွေကို မျှဝေခံစားပေးနိုင်ရင် ။
မင်းကြိုက်နှစ်သက်တဲ့ သီချင်းတွေ နားထောင်ရတာ ဇာတ်လမ်းတွေကြည့်ရတာ အလွန်ပဲကောင်းပြီး စိတ်အပန်းပြေစေပါတယ်။ ( ကိုယ်ဝါသနာပါတဲ့ အားကစားပွဲတွေ ကြည့်ရတာ ဥပမာ ဘောလုံးပွဲ စသည်ဖြင့်) ဒါတွေကို မင်းရဲ့ ချစ်သူနဲ့ အတူ လုပ်ရရင်တော့ ပိုပြီး ကောင်းတာပေါ့ဗျာ။ Achitzone.com
၆။ မင်းရဲ့ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားပေးတတ်ရင် ။
ကောင်မလေးတွေတော်တော်များများက သူတို့ချစ်သူတွေကို အမြဲတမ်း သူတို့နဲ့ပဲ အချိန်ဖြုန်းစေချင်ကြပါတယ်။ လူတွေမှာ သူတို့အတွက် ကိုယ်ပိုင်အချိန်တွေ လိုအပ်ပါတယ်။ Achitzone.com
၇။ မင်းရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အမြဲ အထောက်အပံ့ပေးနေရင် ။
ကျွန်တော်တို့ ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ်တိုင်တင်သာမက တစ်ခြားသူတွေရဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ ချစ်သူမျိုးရထားရင်တော့ မင်းကံကောင်းပါတယ်။ တကယ်လို့ မင်းရဲ့ ချစ်သူကောင်မလေးက မင်းရဲ့ အောင်မြင်မှုအတွက် အမြဲလိုလားပြီး အကူအညီအထောက်အပံ့ပေးနိုင်တယ်ဆိုရင် လက်မလွှတ်လိုက်ပါနဲ့တော့။ Achitzone.com
ဆောင်းပါးရေးသားသူ-
Christine
ယခုဆောင်းပါးကို Achitzone.com မှ တင်ဆက်ပါသည်။