ပျော်ရွှင်ပြီး လိုက်ဖက်ညီတဲ့ စုံတွဲတွေမှာ ဒီလို အလေ့အကျင့်လေးတွေ ရှိကြပါတယ်

လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲတွေမှာ ဒီလို အလေ့အကျင့်လေးတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လဲ ပျော်ရွှင်ကြတာပေါ့။ ဘယ်လို အမူအကျင့်လေးတွေလဲဆိုတာ ကြည့်လိုက်ရအောင်…

၁။ အိပ်ရာ တူတူ ဝင်ကြတယ်။

ပျော်ရွှင်တဲ့ ချစ်သူတွေဟာ နှစ်ယောက်လုံး အိပ်ချိန်တွေ တူအောင် သက်မှတ်ထားကြပါတယ်။ ကိုယ့်ကို အိပ်ပြီလို့ ပြောပြီး ညတွေမှာ Facebook မှာ active ဖြစ်နေတဲ့ ချစ်သူကို ကိုယ်ပိုင်ဆိုင်ထားရင်တော့ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ Achitzone.com

၂။ နှစ်ယောက်လုံး စိတ်ဝင်စားတဲ့ အရာတွေကို အတူတကွ ပြုလုပ်ကြတယ်။

တစ်ချို့စုံတွဲတွေက နှစ်ယောက်လုံး အကြိုက်မတူကြဘူး။ တစ်ခြားစီဘဲ ဆိုတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေဖြစ်ချင်ရင်တော့ common interest ဆိုတာတွေကို ချစ်သူနှစ်ဦးကြား တည်ဆောက်ရယူရပါမယ်။ Achitzone.com

၃။ လက်တွဲပြီး ဘေးချင်းယှဉ် လမ်းလျောက်တယ်။

ပျော်ရွှင်တဲ့ ချစ်သူနှစ်ဦးဟာ လူပုံအလယ်မှာလဲ လက်တွဲပြီး ဘေးချင်းယှဉ်ပြီး လမ်းလျောက်ရဲပါတယ်။ လမ်းတစ်လျောက်မှာ မြင်ရမဲ့ ရှုခင်းတွေထက်စာရင် ကိုယ့်ချစ်သူနဲ့ နွေးထွေးမှုတွေက ပိုပြီး အရေးကြီးနေမှာပါ။ Achitzone.com

၄။ အမြဲတမ်း ယုံကြည်မှုရှိပြီး ခွင့်လွှတ်တတ်တယ်။

နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် အမြဲ ယုံကြည်ကြပါတယ်။ နှစ်ယောက်ကြားမှာ ပြဿနာတွေ အမြင်ကွဲလွဲမှုတွေ ဖြစ်လာရင်လည်း မဖြေရှင်းနိုင်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်တတ်ကြပါတယ်။ Achitzone.com

၅။ ကိုယ့်ချစ်သူရဲ့ ကောင်းတာတွေကိုပဲ အာရုံစိုက်ပါတယ်။

လူတွေရဲ့ သဘာဝအရ တစ်စုံတစ်ယောက်က မကောင်းတာတစ်ခု အမှားတစ်ခု လုပ်မိရင် သူ့ကို အပြစ်ပြောလို့မဆုံးတော့ပါဘူး။ ကောင်းတာ လုပ်မိရင်တော့ ချီးမွမ်းဖို့ ခက်ခဲတတ်ကြပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေကတော့ တစ်ယောက်ရဲ့ ကောင်းမွန်တဲ့အရာတွေကိုပဲ အလေးပေးကြပါတယ်။ တစ်ယောက် ကောင်းတာလုပ်ပြီးရင် အောင်မြင်မှုရရင် အမြဲ ချီးကျူးတတ်ပါတယ်။ Achitzone.com

၆။ ပွေ့ဖက်ကြပါတယ်။

လူတွေရဲ့ အရေပြားဟာ မှတ်ဉာဏ်ရှိပါတယ်။ ကောင်းမွန်တဲ့ အထိအတွေ့ (အချစ်) ၊ မကောင်းတဲ့ အထိအတွေ့(အနိုင်ကျင့်ခံရမှု) နဲ့ အထိအတွေ့မရှိ ( ပစ်ပယ်ခံရမှု) ဆိုပြီး သုံးခုရှိပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေက ပွေ့ဖက်ပြီး နှုတ်ဆက်ကြပါတယ်။ ဒါက ချစ်သူနှစ်ယောက်ရဲ့ စိတ်တွေကို ပိုပြီး နီးကပ်စေနိုင်ပါတယ်။ Achitzone.com

၇။ ကိုယ့်စိတ်က ဘာပဲဖြစ်နေပါစေ။ မနက်ခင်းတိုင်း “ကိုယ် မင်းကို ချစ်တယ်” ၊ “ကောင်းသော နေ့လေးပိုင်ဆိုင်နိုင်ပါစေ” စတာတွေကို ပြောကြပါတယ်။

ဒီလိုမျိုး ဂရုစိုက်တတ်တဲ့ အပြုအမူလေးတွေက တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အချစ်ကို ပိုမိုခိုင်မြဲစေမှာပါ။ တစ်ယောက်ပြောလိုက်တဲ့ ဒီလို ကြင်နာစကား ဂရုစိုက် စကားလေးတွေက တစ်ယောက်ရဲ့ တစ်နေ့တာမှာ တွေ့ကြုံနိုင်တဲ့ စိတ်ပျက်စရာ အခြေအနေတွေကို ကျော်လွှားနိုင်မှာပါ။ Achitzone.com

၈။ ညအိပ်ရာဝင်တဲ့အခါ “Good Night” လို့ ပြောတယ်။

ပျော်ရွှင်တဲ့ ချစ်သူနှစ်ဦးဟာ စိတ်ကောက်ပြီး အငြင်းအခုံဖြစ်ပြီး ညအိပ်ရာဝင်လေ့မရှိပါဘူး။ ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ကောက် နေကြပါစေ ဒီလို ဂရုစိုက်တဲ့ စကားမျိုးလေးတွေ ပြောပြီးမှ အိပ်ရာဝင်ကြတယ်။ Achitzone.com

၉။ တစ်နေ့တာမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေလား စစ်ဆေးကြတယ်။

ချစ်သူကို အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာ အားရင်ပဲဖြစ်ဖြစ် အလုပ်မှာ အားရင်ပဲဖြစ်ဖြစ် ဖုန်းဆက်ပြီး သူ့ရဲ့ တစ်နေ့တာ ဘဟ်လိုလဲ မေးပါ။ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပျော်စရာတွေ မျှဝေပြီး အမြဲ ဆက်သွယ်ကြပါတယ်။ Achitzone.com

၁၀။ နှစ်ယောက်တွဲနေတာကို လူတွေ မြင်ရင်လဲ ဂုဏ်ယူပျော်ရွှင်တတ်ကြတယ်။

အပြင်မှာ အတူသွားလို့ ပျော်ရွှင်ကြည်နူးတဲ့ပုံကို လူတွေ မြင်တဲ့အခါ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ရှက်ရွံ့တာမျိုး စိတ်ဘဝင်မကျတာမျိုးတွေ မဖြစ်တတ်ပါဘူး။ ဒါဟာ public မှာ show off လုပ်တာမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ကြတယ် အတူရှိတယ်ဆိုတာကို ပြသခြင်းတစ်မျိုးပါ။ Achitzone.com

ဆောင်းပါးရေးသားသူ –
Christine

ယခုဆောင်းပါးကို Achitzone.com မှ တင်ဆက်ပါသည်။